Tag Archives: Stopthespread

ကူးစက်မြန်အဆုတ်ရောင် ရောဂါ (COVID -19ရောဂါ) ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် လိုအပ်သလိုအသုံးပြုနိုင်ရန် အတွက် Access Spectrum မိသားစုမှ အလှူငွေကျပ်သိန်း(၅၀၀)ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လှူဒါန်း

လတ်တလောဖြစ်ပွားလျက်ရှိသော ကူးစက်မြန်အဆုတ်ရောင် ရောဂါ (COVID -19ရောဂါ) ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် လိုအပ်သလိုအသုံးပြုနိုင်ရန် အတွက် Access Spectrum မိသားစုမှ အလှူငွေကျပ်သိန်း(၅၀၀)ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ မတ်လ ၂၄ရက်နေ့မနက်ခင်းတွင် လှူဒါန်းမှုပြုလုပ်ခဲ့ပါတယ်။ COVID-19 ကူးစက်လွယ် ဗိုင်းရပ်စ်ရောဂါ ကိုတိုက်ဖျက်ရာတွင် တာဝန်ယူ ကြိုးစား၍ မိမိတို့၏အသက်ကို ပဓာနမထားပဲ ရှေ့တန်းမှ ကုသပေးနေကြသော ဆရာဝန်များ နှင့် ကျန်းမာရေးဝန်ထမ်းများအားလုံးကိုလည်းကျွန်ုပ်တို့ Access Spectrum မိသားစုက အထူးပင်ကျေးဇူးတင်လျက်ရှိကြပါတယ်။ ယခုလို ကူးစက်လွယ် ရောဂါပြန့်ပွားနေစဉ်ကာလအတွင်း ကျန်းမာအောင်နေထိုင်ဖို့၊ လူစုလူဝေးထူထပ်သော နေရာများသို့ မလိုအပ်ဘဲသွားရောက်ခြင်းများ မပြုလုပ်ဖို့နှင့်တစ်ဦးနှင့်တစ်ဦး ကူညီစောင့်ရှောက်ဖေးမကြဖို့ကိုလည်း အထူးပဲတိုက်တွန်းလိုပါတယ်။ ကျွန်ုပ်တို့ တစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာနမှချမှတ်ထားသောကျန်းမာရေးဟောပြောချက်များ၊ တစ်ကိုယ်ရည်သန့်ရှင်းမှူ နည်းလမ်းများကို စနစ်တကျ တိကျစွာ လိုက်နာခြင်းဖြင့် ရောဂါကူးစက်ပြန့်ပွားခြင်းကို အကောင်းဆုံး ကြံ့ကြံ့ခံ […]