ကူးစက်မြန်အဆုတ်ရောင် ရောဂါ (COVID -19ရောဂါ) ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် လိုအပ်သလိုအသုံးပြုနိုင်ရန် အတွက် Access Spectrum မိသားစုမှ အလှူငွေကျပ်သိန်း(၅၀၀)ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လှူဒါန်း

လတ်တလောဖြစ်ပွားလျက်ရှိသော ကူးစက်မြန်အဆုတ်ရောင် ရောဂါ (COVID -19ရောဂါ) ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် လိုအပ်သလိုအသုံးပြုနိုင်ရန် အတွက် Access Spectrum မိသားစုမှ အလှူငွေကျပ်သိန်း(၅၀၀)ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ မတ်လ ၂၄ရက်နေ့မနက်ခင်းတွင် လှူဒါန်းမှုပြုလုပ်ခဲ့ပါတယ်။

COVID-19 ကူးစက်လွယ် ဗိုင်းရပ်စ်ရောဂါ ကိုတိုက်ဖျက်ရာတွင် တာဝန်ယူ ကြိုးစား၍ မိမိတို့၏အသက်ကို ပဓာနမထားပဲ ရှေ့တန်းမှ ကုသပေးနေကြသော ဆရာဝန်များ နှင့် ကျန်းမာရေးဝန်ထမ်းများအားလုံးကိုလည်းကျွန်ုပ်တို့ Access Spectrum မိသားစုက အထူးပင်ကျေးဇူးတင်လျက်ရှိကြပါတယ်။ ယခုလို ကူးစက်လွယ် ရောဂါပြန့်ပွားနေစဉ်ကာလအတွင်း ကျန်းမာအောင်နေထိုင်ဖို့၊ လူစုလူဝေးထူထပ်သော နေရာများသို့ မလိုအပ်ဘဲသွားရောက်ခြင်းများ မပြုလုပ်ဖို့နှင့်တစ်ဦးနှင့်တစ်ဦး ကူညီစောင့်ရှောက်ဖေးမကြဖို့ကိုလည်း အထူးပဲတိုက်တွန်းလိုပါတယ်။ ကျွန်ုပ်တို့ တစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာနမှချမှတ်ထားသောကျန်းမာရေးဟောပြောချက်များ၊ တစ်ကိုယ်ရည်သန့်ရှင်းမှူ နည်းလမ်းများကို စနစ်တကျ တိကျစွာ လိုက်နာခြင်းဖြင့် ရောဂါကူးစက်ပြန့်ပွားခြင်းကို အကောင်းဆုံး ကြံ့ကြံ့ခံ ခုခံနိုင်မယ်ဟု ယုံကြည်ပါတယ်။ ကမ္ဘာသူ ကမ္ဘာသားအားလုံး ယခုကျရောက်နေသော ရောဂါကပ်ဘေးမှ ကျန်းမာချမ်းသာစွာဖြင့် ကျော်လွှားနိုင်ကြပါစေရန် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

To support the fight against COVID-19 in Myanmar, Access Spectrum donated (50,000,000 MMK) to the Ministry of Health and Sports, Myanmar today. We thank the healthcare providers, who will be our front line fighters against Corona-virus (COVID-19). Our aim is to act as a helping hand in times of need for our fellow citizens. We would like to urge everyone to stay home (except for essentials), stay healthy and take care of each other as one. We believe that if we stand together (of course, with social distancing), follow personal hygiene procedures, and health guidelines, we will be able to minimize the impact of COVID-19 here in Myanmar. We pray hard for everyone to be safe.

#AccessSpectrum#MakeADifference#Stopthespread#COVID19