SAP ERP for the Manufacturing Industry
စက်မှုလုပ်ငန်းများနှင့် ERP စနစ်
စက်မှုလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများသည် လုပ်ငန်းလည်ပတ်မှု ကျယ်ပြန့်ပြီး အပြိုင်အဆိုင်များသော စီးပွါးရေးလုပ်ငန်းတစ်ခု ဖြစ်သည်။ ထိုလုပ်ငန်းများတွင် ပုံမှန်အားဖြင့် manual စနစ်ဖြစ်သည့် လူသားများနှင့် ဆောင်ရွက်သောစနစ်နှင့် အလိုအလျောက် automatic စနစ်ဟူ၍ စက်ပစ္စည်းများအသုံးပြု၍ လည်ပတ်သော စနစ် စသည်ဖြင့် လုပ်ငန်းလိုအပ်ချက်အပေါ်တွင် မူတည်၍ စနစ်အမျိုးမျိုးကို အသုံးပြုကာလုပ်ငန်းများကို လုပ်ဆောင်ကြပါသည်။ထိုသို့သော ကွဲပြားခြားနားမှုများသည် သိပ်မကြာသေးခင် ကာလတစ်ခုမှ Digitally transformation ကြောင့် ပြောင်းလဲလာမှုများကို တွေ့မြင်နေရပြီ ဖြစ်ပါသည်။ Digital Transformation အသွင်ကူးပြောင်းရာတွင် ယနေ့ခေတ်လုပ်ငန်းများ စတင်စဉ်းစားလာကြသည့် အချက်မှာ ERP ဟုခေါ်သည့် Enterprise Resource Planning Software များပင်ဖြစ်သည်။
ERP စနစ်၏အရေးကြီးပုံ
ထိုသို့သော အမျိုးအစားများစွာကွဲထွက်မှုနှင့် လုပ်ငန်းများ၏ demanding ဖြစ်မှုများကြားနှင့် ဒေတာများစီးဆင်းမှု များစွာကြားထဲတွင် ERP စနစ်သည် ကုန်ထုတ်လုပ်မှုများနှောင့်နှေးကြန့်ကြာမှုများ လုံးဝမရှိစေခြင်းဖြင့် market ၏တောင်းဆိုမှုများကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါသည်။ ဥပမာအားဖြင့်ဆိုရသော် organization တစ်ခုအနေဖြင့် manufacturing process အတွက် ကိုယ်ပိုင် Research and Design (R&D) များလုပ်ဆောင်ရန်လိုအပ်ပြီး Data Analytics များသည့် ကုန်ထုတ်လုပ်မှု ပတ်ဝန်းကျင်သည် အခြားပြိုင်ဘက်များထက် သာရန်လိုအပ်ပါသည်။ ထိုအခါတွင် company များအနေဖြင့် R&D project ထဲတွင် Budget ၏ ၂၅% Software Application ရင်းနှီးမြုပ်နှံသော company များသည် တစ်ခြား company များထက် တိုးတက်မှုနှုန်း မြန်ဆန်ကြောင်းကိုတွေ့ရှိရပါသည်။ ထိုသို့သောလေ့လာတွေ့ရှိချက်များ အရ ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် suppliers များသည် ယနေ့ digital ကမ္ဘာထဲတွင် Intelligent ERP software solution လိုအပ်ကြောင်း တွေ့ရှိရပါသည်။
ERP စနစ်၏အားသာချက်များ
အချက်အလက်များဖြင့် ရှင်းပြရသော ERP စနစ်သည် ကုန်ထုတ်လုပ်သူများကို
(၁) ပူးပေါင်းလုပ်ဆောင်မှုတိုးတက်စေခြင်း
ERP system ဆိုတဲ့ အောက်မှာ လုပ်ငန်းတစ်ခု၏ လုပ်ဆောင်ချက်များ အားလုံးပါဝင်တာမို့ သက်ဆိုင်ရာ Department Head ကနေပြီး မိမိတို့လိုချင်သော Data, Report များကိုတစ်နေရာထဲမှာ အလွယ်တကူကြည့်ရှုနိုင်သလို တစ်နေရာထဲမှာပဲ လုံခြုံစိတ်ချစွာသိမ်းဆည်းထားနိုင်ပါသည်။ Integrated Core System တစ်ခုဖြစ်သည့်အတွက် software ပေါင်းများစွာကို အသုံးပြုရန်မလိုအပ်တော့ဘဲ ERP system တစ်ခုတည်းကနေပဲထိန်းချုပ်လို့ရနေမည် ဖြစ်ပါသည်။
(၂) ခွဲခြမ်းစိတ်ဖြာမှု ပိုကောင်းလာခြင်းနှင့် အချိန်ကုန်သက်သာလာခြင်း
ERP system အသုံးပြုသူများအနေဖြင့် လိုချင်သည့် မည်သည့် Report မျိုးမဆို မိမိတို့စိတ်ကြိုက်ပြုလုပ်ပြီး ထုတ်ယူနိုင်ပါသည်။
Income and Expense Statements, Sale Data, CRM Analysis တွေကို Report ထုတ်ပြီး Analysis ပြုလုပ်လို့ရနိုင်မည် ဖြစ်ပြီး Report ထုတ်ရန်ကြာချိန်မှာလည်း မိနစ်ပိုင်းအတွင်းသာကြာမြင့်မည်ဖြစ်ပါသည်။
(၃) Customer/Vendor Relationship ကိုထိန်းသိမ်းရန် လွယ်ကူခြင်း
Customer Relationship Management System ပါဝင်တဲ့အတွက် Lead Generation အသစ်တွေကိုစာရင်းမှတ်ခြင်း၊ Customer အသစ်လား Loyal Customer လားဆိုတာ အလွယ်တကူသိရှိနိုင်တဲ့အတွက် Customer အသစ်တွေကော အဟောင်းတွေအတွက်ကော စိတ်ကျေနပ်မှုရရှိအောင် ပြုလုပ်နိုင်ပါတယ်။ ထို့အပြင် Customer Relation သာမက Vendor Relationship management ပါပါဝင်သည့်အတွက် system တစ်ခုတည်းကိုအသုံးပြုပြီး manage လုပ်နိုင်မည်ဖြစ်ပါသည်။
(၄) အလေအလွင့်နည်းပါးလာခြင်း
ကုန်ပစ္စည်း သိုလှောင်မှုပိုင်းမှာလဲ စနစ်တကျ ပစ္စည်းတစ်ခုခြင်းစီအလိုက် system ထဲမှာထည့်သွင်းထားတာကြောင့် အလေအလွင့်ဖြစ်ခြင်းကိုလျှော့ချနိုင်ရန် ကူညီပေးပါသည်။။ Warehouse Management, Waste Management, Planning and monitoring စသည့် function များစွာပါဝင်သည့်အတွက် stock control ကိုအချိန်နှင့်ပြေးညီ သိရှိနေမှာပဲဖြစ်ပါသည်။ အထက်ပါအကြောင်းအရာများအပြင် အခြားအခြားသော လုပ်ဆောင်ချက်မြောက်များစွာလည်း ရှိနေပါသေးသည်။
ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် မရှိမဖြစ်သော SAP S/4 HANA
SAP S/4 HANA သည် ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များအတွက် organization နှင့် ကုန်ထုတ်လုပ်နေသော ပတ်ဝန်းကျင်အတွက် မရှိမဖြစ်သော တံတားတစ်စင်းဖြစ်ပါသည်။ SAP S/4 HANA သည် ကုန်ထုတ်လုပ်ရာတွင် အတားအဆီးဖြစ်နိုင်သော process များဖြစ်သည့် latency (ကြန့်ကြာမှု), application ရှုပ်ထွေးမှုများနှင့် manually လုပ်ရသော Process များကို ဖယ်ရှားပေးပါသည်။
SAP S/4 HANA ကိုအသုံးပြုသော Industry များအနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များ Plan များချမှတ်သည့်အခါတွင် လွယ်ကူချောမွေ့စေခြင်းနှင့် management စနစ်များလိုအပ်သလို ပြောင်းလဲနိုင်ခြင်းတို့ပဲ ဖြစ်ပါသည်။ ထို့အပြင် SAP S/4 HANA သည် inventory များ management လုပ်ခြင်း၊ scheduling လုပ်နိုင်ခြင်းနှင့် မလိုအပ်သော inventory data များဖယ်ရှားခြင်းတွင် အရေးပါသော software ဖြစ်ပါသည်။
SAP S/4 HANA သည် ကုန်ထုတ်လုပ်ငန်းနှင့် ပတ်သတ်သည့် environment ကိုလျင်မြန်စွာ adapt လုပ်နိုင်ပြီး လုပ်ငန်းလုပ်ဆောင်နေသည့် progress ကိုထိခိုက်မှုလျော့နည်းစေပါသည်။ တစ်နည်းအားဖြင့်ဆိုရသော် ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်ကာလ (manufacturing cycle time) ကိုစီစဉ်ထားသည့်အတိုင်းဖြစ်အောင် လျော့ချပေးထားနိုင်ပါသည်။
ထို့အပြင် SAP သည် လုပ်ငန်းတစ်ခုအပေါ်တွင် plan ချနိုင်သည့်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ယုံမျှမက ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်၏ တစ်ခြားလုပ်ငန်းစဉ်များဖြစ်သော ကုန်ထုတ်လုပ်မှု၏ လိုအပ်သော ကုန်ကြမ်းပစ္စည်းများ ဝယ်ယူပေးခြင်း၊ ကုန်ထုတ်လုပ်မှုများကို တစ်ခုချင်းလုပ်ဆောင်ရမည့် process များကို ကြိုတင်ခန့်မှန်းကာ plan ချမှတ်နိုင်ရန် လုပ်ဆောင်ပေးပါသည်။ အခန့်မသင့်ဘဲ ကုန်ပစ္စည်းများ stock outs ဖြစ်မှုကြောင့်အမြတ်ငွေလျော့နည်းခြင်းကို လျှော့ချပေးနိုင်ပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို လျင်မြန်စွာ adapt လုပ်နိုင်ပါသည်။
SAP သည် ERP စနစ်နှင့်နှိုင်းယှဉ်လျှင်ကုန်ထုတ်လုပ်ငန်းများ၌ ပိုမို၍သုံးစွဲကြပြီး၊ ကုန်ထုတ်လုပ်လုပ်ငန်းများတွင် သုံးစွဲလာကြသည်မှာဆယ်စုနှစ်တစ်စုစာ ရှိနေပြီဖြစ်သည်။ လက်ရှိ မြန်မာပြည်တွင်လည်း SAP ကိုအသုံးပြုနေသော လုပ်ငန်းများစွာရှိနေပါပြီ။ Access Spectrum အနေဖြင့်လည်း customer များကို SAP implementation နှင့် Annual Maintenance project များကိုအောင်မြင်စွာ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။ အထက်ပါဖော်ပြခဲ့သော အကြောင်းအရာများကို စိတ်ဝင်စား၍မိမိတို့လုပ်ငန်းတွင် ERP စနစ်ကိုစတင်အသုံးပြုလိုပါက ကျွန်တော်တို့ Access Spectrum မှ အခမဲ့ကူညီဆွေးနွေးပေးလျက်ရှိပါသည်။ ကျွန်တော်တို့၏ Professional များနှင့် အခမဲ့ ဆွေးနွေးနိုင်မည့်ဝန်ဆောင်မှုကိုရယူနိုင်ရန်အတွက်ယခုပင်စာရင်းပေးသွင်းလိုက်ပါ။