Digital Transformation in the Future of Manufacturing

ယနေ့ခေတ်မှာ ကုန်ထုတ်လုပ်ငန်းအများစုဟာ Digital businessအသွင်ကိုကူးပြောင်းလာပြီး ခေတ်နှင့်တပြေးညီ နည်းပညာပိုင်းဆိုင်ရာတိုးတက်မှုများကို အားကိုးအားထား၍ မိမိတို့ရဲ့စီးပွားရေးလုပ်ငန်းကိုမြှင်တင်လျက်ရှိတာကို တွေ့ရပါသည်။

ထိုနည်းတူပင်စက်မှုလုပ်ငန်းများကုန်ထုတ်မှုလုပ်ငန်းများဟာလည်း အများနည်းတူ ဒစ်ဂျစ်တယ်စနစ်သို့ကူးပြောင်းရန် ကြိုးစားလာကြပြီဖြစ်သည်။

ကုန်ထုတ်လုပ်သောလုပ်ငန်းများသည် မိမိတို့၏ဖောက်သည်များအတွက်မတူညီသောအသစ်အဆန်းဖြစ်သည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအားပိုမိုကောင်းမွန်စေရန်၊ လုပ်ငန်းလည်ပတ်မှုများပိုမိုမြန်ဆန်လာပြီး ကုန်ထုတ်လုပ်မှုစရိတ် လျော့ချနိုင်ရန် နှင့်အမြတ်အစွန်းများပိုမိုရှိရေး အခန်းကဏ္ဏများတွင်စိန်ခေါ်မှုအမြောက်မြားတွေ့ကြုံနေရ ပါသည်။

  • ရောင်းအားနှင့်ဝယ်လိုအားအပေါ်မူတည်၍ ထုတ်ကုန်များ၏ ဝယ်လိုအားကိုခန့်မှန်းတိုင်းတာရန်ခက်ခဲခြင်း 
  • Product Management အခက်အခဲများကြောင့် ပစ္စည်းများထုတ်လုပ်ရာတွင် ကြိုတင်ပြင်ဆင်မှုအားနည်းခြင်း
  • ကုန်ကြမ်းများဝယ်ယူသည့်အဆင့်မှ ထုတ်ကုန်များကိုမိမိတို့၏ဖောက်သည်များဆီသို့ရောက်သည့်အထိ လုပ်ငန်းစဉ် lifecycle အဆင့်ဆင့်ကိုစစ်ဆေးရန်လိုအပ်ခြင်း 
  • သိုလှောင်ရုံ warehouse များတွင် ကုန်ပစ္စည်းများ၏ပမဏကိုထိန်းချုပ်ရန်နှင့် စီမံရန် ခက်ခဲခြင်း
  • မိမိတို့၏ဖောက်သည်များ၏ လိုအပ်ချက်များကို အမြဲစဉ်ဆက်မပြတ်ဝန်ဆောင်မှုပေးရန်ခက်ခဲခြင်း
  • ငွေစာရင်းဌာနအနေဖြင့် မိမိလုပ်ငန်း၏ ငွေကြေးစီးဆင်းများကို ထိထိရောက်ရောက် စနစ်တခုထဲမှ ထိန်းချုပ်နိုင်မှုအားနည်းခြင်း
  • ဗဟိုထိန်းချုပ်မှုစနစ် centralized system မရှိခြင်းကြောင့် လုပ်ငန်းအချက်အလက်များကို အချိန်နှင့်တပြေးညီမှန်ကန်စွာမရရှိခြင်း
  • ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသောနည်းပညာများကို လိုက်လျောညီထွေအသုံးပြုနိုင်ရန်အားနည်းခြင်း စသည့်အခက်အခဲများကို ကုန်ထုတ်သည့်လုပ်ငန်းများမှာနေ့စဉ်ကြုံတွေ့နေရပါသည်။

ထိုကဲ့သို့လူကြီးမင်းများ၏အခက်အခဲများကိုကူညီပေးရန်အတွက်  Access spectrum မှ manufacturing ကုန်လုပ်မှုလုပ်ငန်းများအတွက် စနစ်တကျရေးဆဲထားသည့် SAP ERP Solution နှင့်မိတ်ဆက်ပေးချင်ပါသည်။

ထို SAP ERP စနစ်မှာတော့

  • ငွေရေးကြေးရေးဆိုင်ရာ Finance and Control Module
  • ကုန်ထုတ်လုပ်ခြင်းစီမံခန့်ခွဲခြင်းဆိုင်ရာ Production Planning Module
  • ကုန်ပစ္စည်းများကို စီမံခန့်ခွဲခြင်းဆိုင်ရာ Material Management Module
  • ကုန်ပစ္စည်းများရောင်းဝယ်ဖြန့်ဖြူးခြင်းဆိုင်ရာ Sale and Distribution Module

စသည့် SAP ၏အကောင်းဆုံးစံသတ်မှတ်ချက်ဖြစ်သည့် Module ၄ခုကိုအခြေခံကာ လုပ်ငန်းနှင့်လိုက်ဖက်ညီအောင် အထူးပြုလုပ်စီမံခန့်ခွဲနိုင်မည့် customization များလည်းပါဝင်မည်ဖြစ်သည်။

လူကြီးမင်းတို့၏ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဒစ်ဂျစ်တယ်စနစ်သို့အကောင်းဆုံးကူးပြောင်းနိုင်ရန်အတွက် Access Spectrum မှကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ သက်ဆိုင်ရာနည်းပညာအကြံပေးများမှလည်း လူကြီးမင်းများကို ဆွေးနွေးတိုင်ပင်ပေးရန်အသင့်ရှိပါသည်။