Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Dell VxRail (HCI) အကြောင်း သိကောင်းစရာ

Hyper Converge Infrastructure အကြောင်းမပြောခင် Hyper Converge Infrastructure ဆိုတာဘာလဲ၊ ဘယ်လိုအလုပ် လုပ်ပေးလဲ ဆိုတာအရင်ဦးဆုံး ပြောပြပေးချင်ပါတယ်။

Hyper Converge Infrastructure ဆိုတာက Compute, Storage, Network စသည့် components တို့ကို ပေါင်းစည်းပြီး virtualize လုပ်ထားတဲ့ software defined နည်းပညာတစ်ခုပဲဖြစ်ပါတယ်။
ဒီလိုမျိုး အဓိကကျတဲ့ compute resources တွေကို single layer တစ်ခုထဲမှာပဲ ပေါင်းစည်းထားတဲ့အတွက် Traditional Data Center တွေထက်စာရင် Complexity ကို များစွာ လျော့ကျစေပါတယ်။
ဥပမာအားဖြင့် compute, storage and network တွေကို Management and operation လုပ်ဖို့ဆိုရင် Multiple Management tools တွေသုံးပြီး လုပ်ရတဲ့ အတွက် Day to Day Operations မှာ များစွာ complex ဖြစ်စေပါတယ်။ HCI မှာဆိုရင် Single interface ကနေပြီးတော့ Management & Operations တွေကို လုပ်ဆောင် လို့ရတဲ့ အတွက် Day to Day Operations တွေအတွက် ရိုးရှင်းလွယ်ကူစေပါတယ်။
HCI က Software Define ဖြစ်တဲ့ အတွက် 3 Tiers Architecture (Separate Compute, Storage & Network) ကိုသုံးနေရတဲ့ Traditional Datacenter ထက်စာရင် Performance အပိုင်းမှာ ပိုမို ကောင်းမွန်စေပါတယ်။
CPU ရဲ့ အနီးဆုံး ကနေ Data Processing တွေ ပြုလုပ်တဲ့ အတွက် Latency နည်းပြီးတော့ Performance ကို ပိုမိုကောင်းမွန် စေပါတယ်။ HCI ကို Customer များရဲ့ လုပ်ငန်းလိုအပ်ချက်အရ On-prem Data Center မှာပဲဖြစ်ဖြစ်၊ Private cloud, Hybrid cloud ဒါမှမဟုတ် Edge (ROBO) site တွေမှာလည်း အသုံးပြုလို့ရပါတယ်။

Hyper Converge Infrastructure (HCI) ကို ဘယ်လိုနေရာမျိုးတွေမှာ အသုံးပြုလို့ရသလဲ??
အခုနောက်ပိုင်းမှာ Technology Trend ကလဲ တဖြေးဖြေး ပြောင်းလဲလာတာနဲ့ အမျှ Business Requirements အရ သုံးနေရတဲ့ Application တွေကလဲ အရင်လို Legacy Apps မျိုးတွေတင် မဟုတ်ဘဲ Cloud Native Apps ( Containers Base Apps) တွေကို စပြီး အသုံးပြုဖို့ လိုအပ်လာကြတာတွေ ရှိပါတယ်။ HCI ကိုသုံးပြီးတော့
Virtual Machines တွေ အပြင် Container applications တွေကိုပါ Hypervisor Layer အပေါ်မှာပဲ Deploy, Scale & Management တွေကို Developers တွေကို ရိုးရှင်း လွယ်ကူစွာ လုပ်ဆောင်နိုင်ပါတယ်။
Critical ဖြစ်တဲ့ Business Application workloads တွေမှာ လိုအပ်တဲ့ high Performance, automation & Optimized Storage တွေကိုလုပ်ဆောင်ပေးနိုင်ပါတယ်။ Dedicated Storage Hardware ကို တခါတည်း ဝယ်စရာ မလိုတဲ့ အတွက် CapEX & OPEX ကို လျော့ကျစေပြီး လိုအပ်တဲ့ Storage Performance ကို ရရှိနိုင်ပါတယ်။
HCI က Linear Scaling လုပ်လို့ ရတဲ့အတွက် Resources Capacity ကို လိုအပ်သလောက် ဝယ် ပြီးတော့ နောက်မှ Business Requirements အပေါ် မူတည်ပြီးတော့ လိုအပ်သလို Scale Up or Scale Out လုပ်လို့ရပါတယ်။
Remote Location မှာ လဲ HCI ရဲ့ Two Nodes Architecture ကို သုံးပြီးတော့ Customers တွေရဲ့ Data တွေကို DR Infrastructure ဆောက်တာထက် Cost နည်းနည်းနဲ့ ထားထားလို့ရပါတယ်။
ဒီလိုမျိုး အချက်တွေကြောင့် HCI ကို Business Critical application, Virtual Desktop Infrastructure (VDI), Edge (Remote office, branch office), Cloud Native Application တွေ အပြင် အမျိုးမျိုးသော Business Environment တွေ အတွက်လည်း အသုံးပြုလို့ရပါတယ်။

Dell ရဲ့ HCI products များကတော့ VxRail, PowerFlex နှင့် vSAN Ready Nodes တို့ပဲ ဖြစ်ပါတယ်။


VxRail
Dell VxRail ဆိုတာက Dell EMC နဲ့ VMware တို့ ပထမဦးဆုံး ပေါင်းပြီး ထုတ်ထားတဲ့ Fully Integrated HCI System တစ်ခု ဖြစ်ပါတယ်။ Hardware Architecture ကို Dell က Provide လုပ်ပြီးတော့ Software Architecture ကို VMware ရဲ့ vSAN, vCenter, vSphere ESXi တို့လို Products တွေနဲ့ Provide လုပ်ပေးပါတယ်။
VxRail ကို Dell PowerEdge Server အပေါ်မှာ Built up လုပ်ထားတဲ့ပြီး Intel® Xeon® Scalable or AMD EPYC™ processors အမျိုးအစား ဆိုပြီး ရွေးချယ်လို့ရပါတယ်။ ဒါ့အပြင် အမျိုးမျိုးသော Applications & Workloads တွေ Performance ကောင်း‌ကောင်းနဲ့ အသုံးပြုနိုင်ရန် အတွက် NVMe storage, 100 Gb/s networking, and NVIDIA Data Center GPUs လိုမျိုး New Technologies တွေကို Adopting လုပ်ထားတဲ့ HCI System တစ်ခုဖြစ်ပါတယ်။ VxRail မှာက RAID1 BOSS Card (Boot Optimizer), Redundant Power Supplies, Multiple Network Cards စတဲ့ Hardware Components ပါဝင်တဲ့ အတွက် High Availability ကို 99.9999% အထိ ရရှိနိုင်အောင် လုပ်ဆောင်ပေးနိုင်တဲ့ HCI System တစ်ခု ဖြစ်ပါတယ်။
VxRail ကို 2 nodes ကနေ စပြီး အသုံး ပြုလို့ရပြီး နောက်မှ Capacity အတွက် ပဲ ဖြစ်ဖြစ် Performance အတွက်ပဲ ဖြစ်ဖြစ် လိုအပ်သလို အများဆုံး 64 nodes အထိ တိုးသွားလို့ရပါတယ်။
အခြား x86 Architecture server တွေနဲ့ မတူတဲ့ အချက်က VxRail ကို Business Workloads တွေကို Downtime အနည်းဆုံးနဲ့ up & running ဖြစ်အောင် လုပ်နိုင်ဖို့ ရည်ရွယ် ပြီး ထုတ်လုပ်ထားတဲ့ အတွက် Intelligent Lifecycle Management (LCM) ပါဝင်တယ်။ အခြား x86 Architecture server တွေလိုမျိုး Day2 Operation တွေမှာ Complex ဖြစ်တာမျိုး မရှိဘဲ Validated လုပ်ထားတဲ့ Bundle base နဲ့ လာတဲ့ အတွက် Hardware & Software version compatibility နဲ့ ပတ်သက်ပြီး စိုးရိမ်စရာ မလိုအပ်တော့ပါဘူး။

ဒါ့အပြင် VxRail မှာ Dell EMC ရဲ့ Data Protection Technology တစ်ခုဖြစ်တဲ့ RecoverPoint for Virtual Machine (RP4VM) က VxRail Node တစ်ခုမှာ 5 Instances ကို No Charges အနေနဲ့ ပါဝင်တဲ့ အတွက် Data ကို Near Zero RPO/RTO ထိရအောင် DR ကို Replicate လုပ်ပြီးထားထားလို့ရပါတယ်။ RP4VMs အတွက် License ထပ်လိုချင်ရင်လဲ Additional Charges တခုအနေနဲ့ VM Instances တွေကို Purchased လုပ်နိုင်ပါတယ်။ Large Environment တွေ အတွက် ဆိုရင်လဲ Dell ရဲ့ အခြား Data Protection Solutions တွေအပြင် Deduplication Storage ဖြစ်တဲ့ PowerProtect DD or Virtual Edition တွေကို လိုအပ် သလို တွဲသုံးလို့ရပါတယ်။
Dell Secure Connect Gateway (SCG) နဲ့ connect လုပ်ပြီး တော့ VxRail နဲ့ ပတ်သက်တဲ့ Remote Monitoring, diagnosis တွေ လုပ်လို့ရပါတယ်။ သာမန် Environment တွေမှာလိုမျိုး Software နဲ့ ပတ်သက်ရင် VMware Support, Hardware နဲ့ ပတ်သက်ရင် Dell ဆိုပြီး ခွဲပြီး ဖွင့်စရာ မလိုဘဲ Hardware & Software Components တွေ အတွက် Single Point of Contact အနေနဲ့ VxRail Support Team တစ်ခုတည်းကိုပဲ contact လုပ်ဖို့လိုပါမယ်။

Dell EMC VxRail™ Node Series တွေကတော့ –

  • E Series Nodes (Entry Level)
  • P Series Nodes (Performance Optimized
  • V Series Nodes (Virtualization-extended)
  • D Series Nodes (Durable and ruggedized)
  • S Series Nodes (Storage Dense) တို့ပဲဖြစ်ပါတယ်။

အခုပြောပြပေးသွားတာကတော့ Dell HCI product တွေထဲမှာမှ VxRails product အကြောင်းပဲဖြစ်ပါတယ်။ လူကြီးမင်းတို့အနေနဲ့ မိမိတို့ စီးပွားရေးလုပ်ငန်းနဲ့ သင့်တော်တဲ့ HCI product တွေကို စိတ်ဝင်စားပြီး အသေးစိတ်သိရှိလိုပါက မြန်မာပြည်မှာ ပထမဆုံး Dell ရဲ့ Titanium Partnership ရရှိထားသော ကျွန်တော်တို့ရဲ့ Access Spectrum Co., Ltd မှာ ယုံကြည် စိတ်ချစွာ ဝယ်ယူနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ IT လိုအပ်ချက်များနှင့် ပတ်သတ်၍ တစ်နေရာတည်းတွင် အကောင်းဆုံးသော ဝန်ဆောာင်မှုများကို စိတ်အေးချမ်းသာစွာဖြင့် ရယူနိုင်ရန် အတွက် Access Spectrum မှ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။