လုပ်ငန်းတွေ အရှိန်အဟုန်ရပ်တန့်မသွားစေပဲ ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် Cloud SAP System

Cloud SAP System

COVID-19 Pandemic ဟာ တကမ္ဘာလုံးကစီးပွါးရေးလုပ်ငန်းတွေအပေါ် ကြီးမားတဲ့ရိုက်ခတ်မှုတွေကိုဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့စီးပွါးရေးလုပ်ငန်းရှင်တွေအတွက်တော့ ဘယ်လိုရိုက်ခတ်မှုမျိုးကိုကြုံရသည်ဖြစ်စေ လုပ်ငန်းတွေဟာလုံးဝရပ်တန့်သွားဖို့ဆိုတာမဖြစ်နိုင်ပါဖူး။ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေ ဝယ်ယူသူတွေ ပါဝင်ပတ်သက်သူ(stakeholder)တွေ နှင့် နောက်ဆုံးစီးပွါးရေးအတွက်အချက်အချာကျတဲ့ supply chain တစ်ခုလုံးပြန်လည် လည်ပတ်နိုင်ဖို့အတွက်ကျွန်တော်တို့လုပ်ငန်းတွေဟာပုံမှန်အတိုင်း စဉ်ဆက်မပြတ် လုပ်ဆောင်နေဖို့ လိုအပ်ပါတယ်။

ထိုသို့လုပ်ဆောင်နိုင်ရန်ဆိုသည်မှာလည်း နောက်ကွယ်ကစဉ်းစားရန်အချက်များစွာကရှိနေပါတယ်။ ဝန်ထမ်းတွေရဲ့ကျန်းမာရေး ကအစ ဈေးကွက်အတွင်း demand အခြေအနေ များကိုမျက်ခြေမပျက်ပဲဆက်လက်လုပ်ငန်းလည်ပတ်နေစဉ်တွင်လုပ်ငန်းအတွင်းက stock management, inventory management, Sales & Distribution Data များ ကိုကောင်းစွာထိန်းချုပ်ပေးနိုင်သည့် centralized စနစ်၏အရေးပါမှုများကသတိပြုစရာဖြစ်လာသလိုပစ္စည်းတစ်ခုစတင်ထုတ်လုပ်သည့်အချိန်မှစ၍ ဈေးကွက်ထဲသို့တင်ပို့ရောက်ရှိသွားသည့်အချိန်အထိ အချိန်နှင့်တပြေးညီ လုပ်ငန်းတွေကထွက်လာတဲ့ဒေတာတွေကိုသိရှိနိုင်မှုတွေက ကျွန်တော်တို့လုပ်ငန်းတွေကိုဆက်လက်ဆောင်ရွက်နိုင်ဖို့ရာအတွက် အဓိကအရေးပါတဲ့အချက်တွေပါပဲ။

ဒါ့အပြင် ဒေတာတွေကို အချိန်မရွေး နေရာမရွေး ဝင်ရောက်ကြည့်ရှု ပြီး ကိုယ်သက်ဆိုင်ရာ task တွေကိုလုပ်ဆောင်နိုင်ဖို့ရာကလည်း လုပ်ငန်းအတွင်း ယခုလို Workforce အပြည့်လည်ပတ်ဖို့ခက်ခဲနေချိန်မှာဆို ပိုတောင်အရေးကြီးလာပါတယ်။ ဒီလိုပြသနာတွေကို Cloud SAP System က ဖြေရှင်းပေးနိုင်ပါတယ်။

Cloud SAP System ရဲ့အားသာတဲ့အချက်တွေကတော့

  • Real Time Data အချိန်နှင့်တပြေးညီ ဒေတာများကိုကြည့်ရှုနိုင်ခြင်း
  • Efficient Operation (Mobility & Insights) ပုံမှန်လုပ်ငန်းခွင်ထဲသို့နေ့စဉ်သွားရောက်လုပ်ဆောင်နေရသကဲ့သို့အလုပ်ကိုဘယ်နေရာမှာမဆိုလုပ်ကိုင်နိုင်စေခြင်း
  • Control of Financials (Finance Module ပါဝင်တဲ့အတွက် Operation ပိုင်းသီးသန့်သာမကပဲ နေ့စဉ်လုပ်ငန်းလည်ပတ်နေတဲ့ ဝင်ငွေ ထွက်ငွေစာရင်းကို platform တခုတည်းအသုံးပြုပြီးအချိန်နှင့်တပြေးညီကြည့်ရှုနိုင်ခြင်း)
  • Digital Transformation ( Cloud base technology ကိုအသုံးပြုထားတဲ့အတွက် တဖက်မှာ ရေရှည်အတွက် IT နှင့် Hardware ကုန်ကျစရိတ်တွေကိုလျော့ချထားနိုင်သည့်အပြင် အနာဂတ်အတွက် Future-proof ဖြစ်သည့် Transformation တစ်ခုလုံးဖြင့်လုပ်ငန်းတစ်ခုလုံးလည်ပတ်နိုင်ပြီးပြိုင်ဖက်တွေထက်ပိုမိုထိရောက်သာလွန်တယ့် digital supply chain, digital workforce အသွင်ကိုအမြန်ဆုံး ဖော်ဆောင်နိုင်ခြင်း
  • Customized Reporting System ထို့အပြင် decision making လုပ်ရန် အတွက်စနစ်မှစနစ်တကျ analyze လုပ်ထားသော report များကိုဝေဖန်သုံးသပ်၍လည်းလုပ်ငန်း၏ရှေ့ဆက်မည့်အခြေနေအလားများကိုလည်းခန့်မှန်းသုံးသပ်နိုင်ခြင်း

လက်ရှိလုပ်ငန်းမှာသုံးနေတဲ့ software အမျိုးမျိုးကထွက်လာတဲ့ ပြန့်ကျဲနေတဲ့ဒေတာတွေကို consolidate လုပ်ပေးနိုင်ပြီး Team တစ်ခုလုံး ပါဝင်လုပ်ဆောင်နိုင်မဲ့ Software တစ်ခုဖြစ်လာစေရန် Cloud SAP System မှ အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ပါတယ်။

ထိုအခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်ပြီးယုံကြည်စိတ်ချရတဲ့ Cloud Base ERP စနစ်ကို လူကြီးမင်းတို့ရဲ့လုပ်ငန်းမှာ ထည့်သွင်းသုံးစွဲနိုင်ရန်အတွက်ကျွန်ုပ်တို့ကကူညီပေးရန်အသင့်ရှိနေပါသည်။

အခြား SAP Software Solutions များအကြောင်း သိရှိလိုပါက ဤနေရာကို နှိပ်ပါ။

မိတ်ဆွေတို့၏လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများကိုကူညီဖြေရှင်းပေးရန်အတွက် အောက်ပါ contact များမှတဆင့်အမြန်ဆုံးဆက်သွယ်ပြီး ကျွန်တော်တို့ရဲ့ Professional Consultant များနှင့် တစ်နာရီ စာအခမဲဆွေးနွေးနိုင်မဲ့ဝန်ဆောင်မှူကိုရယူလိုက်ပါ။

    Are you interested in using SAP?

    YesNo