Monthly Archives: September 2020

Digital Transformation in the Future of Manufacturing

ယနေ့ခေတ်မှာ ကုန်ထုတ်လုပ်ငန်းအများစုဟာ Digital businessအသွင်ကိုကူးပြောင်းလာပြီး ခေတ်နှင့်တပြေးညီ နည်းပညာပိုင်းဆိုင်ရာတိုးတက်မှုများကို အားကိုးအားထား၍ မိမိတို့ရဲ့စီးပွားရေးလုပ်ငန်းကိုမြှင်တင်လျက်ရှိတာကို တွေ့ရပါသည်။ ထိုနည်းတူပင်စက်မှုလုပ်ငန်းများကုန်ထုတ်မှုလုပ်ငန်းများဟာလည်း အများနည်းတူ ဒစ်ဂျစ်တယ်စနစ်သို့ကူးပြောင်းရန် ကြိုးစားလာကြပြီဖြစ်သည်။ ကုန်ထုတ်လုပ်သောလုပ်ငန်းများသည် မိမိတို့၏ဖောက်သည်များအတွက်မတူညီသောအသစ်အဆန်းဖြစ်သည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအားပိုမိုကောင်းမွန်စေရန်၊ လုပ်ငန်းလည်ပတ်မှုများပိုမိုမြန်ဆန်လာပြီး ကုန်ထုတ်လုပ်မှုစရိတ် လျော့ချနိုင်ရန် နှင့်အမြတ်အစွန်းများပိုမိုရှိရေး အခန်းကဏ္ဏများတွင်စိန်ခေါ်မှုအမြောက်မြားတွေ့ကြုံနေရ ပါသည်။ ရောင်းအားနှင့်ဝယ်လိုအားအပေါ်မူတည်၍ ထုတ်ကုန်များ၏ ဝယ်လိုအားကိုခန့်မှန်းတိုင်းတာရန်ခက်ခဲခြင်း  Product Management အခက်အခဲများကြောင့် ပစ္စည်းများထုတ်လုပ်ရာတွင် ကြိုတင်ပြင်ဆင်မှုအားနည်းခြင်း ကုန်ကြမ်းများဝယ်ယူသည့်အဆင့်မှ ထုတ်ကုန်များကိုမိမိတို့၏ဖောက်သည်များဆီသို့ရောက်သည့်အထိ လုပ်ငန်းစဉ် lifecycle အဆင့်ဆင့်ကိုစစ်ဆေးရန်လိုအပ်ခြင်း  သိုလှောင်ရုံ warehouse များတွင် ကုန်ပစ္စည်းများ၏ပမဏကိုထိန်းချုပ်ရန်နှင့် စီမံရန် ခက်ခဲခြင်း မိမိတို့၏ဖောက်သည်များ၏ လိုအပ်ချက်များကို အမြဲစဉ်ဆက်မပြတ်ဝန်ဆောင်မှုပေးရန်ခက်ခဲခြင်း ငွေစာရင်းဌာနအနေဖြင့် မိမိလုပ်ငန်း၏ ငွေကြေးစီးဆင်းများကို ထိထိရောက်ရောက် စနစ်တခုထဲမှ ထိန်းချုပ်နိုင်မှုအားနည်းခြင်း ဗဟိုထိန်းချုပ်မှုစနစ် centralized system မရှိခြင်းကြောင့် […]